thePBR Log In
Home Resources — Articles — Videos — Classes About the Class Log In
Home/About the Class
About the Class

မိတ်ဖက်လုပ်ငန်း စည်းမျဉ်းများ သင်တန်း အကြောင်း

ဒီသင်တန်းက ဥပဒေဘာသာရပ် သင်တန်း မဟုတ်ပါဘူး။ မိတ်ဖက်လုပ်ငန်း တစ်ခုကို စတင်မယ့် သို့မဟုတ် ပြန်လည် ဖွဲ့စည်းမယ့် လုပ်ငန်းရှင်တစ်ဦးက ဘယ်လို ဆုံးဖြတ်ချက်တွေ ချရမလဲ၊ ဘယ်အချက်တွေကို စာဖြင့် ရေးထားရမလဲ ဆိုတာကို အခန်း ၁၀ ခန်းဖြင့် သင်ကြားပေးပါသည်။

The journey

သင်တန်း၏ လမ်းကြောင်း

အခန်း ၁၀ ခန်းသည် အောက်ပါ အစဉ်အတိုင်း တစ်ခုပေါ်တစ်ခု အခြေခံထားပါသည်။

  1. Assessစစ်ဆေးခြင်း
  2. Agreeသဘောတူညီခြင်း
  3. Buildတည်ဆောက်ခြင်း
  4. Operateလည်ပတ်ခြင်း
  5. Protectကာကွယ်ခြင်း
  6. Exitထွက်ခွာခြင်း
Who it's for

ဒီသင်တန်းက ဘယ်သူ့အတွက်လဲ

အခြေအနေ လေးမျိုးထဲက တစ်မျိုးမျိုးနှင့် ကိုက်ညီပါက ဤသင်တန်းက အထောက်အကူ ဖြစ်ပါလိမ့်မယ်။

မိတ်ဖက်လုပ်ငန်း အသစ် စတင်မယ့်သူများ

သူငယ်ချင်း၊ ညီအစ်ကို သို့မဟုတ် လုပ်ငန်းဖက်တစ်ဦးနှင့် အတူ လုပ်ငန်း စမယ့် အခြေအနေ။

လက်ရှိလုပ်ငန်းကို ပြန်လည် ဖွဲ့စည်းချင်သူများ

နှစ်ပေါင်းများစွာ ပါးစပ်ကတိနှင့် လုပ်လာခဲ့ပြီး အခု စာဖြင့် ရှင်းလင်းစွာ သတ်မှတ်ချင်တဲ့ အခြေအနေ။

သဘောထား ကွဲလွဲမှု ရှိနေသူများ

အမြတ်ခွဲဝေမှု၊ အာဏာ သို့မဟုတ် ထွက်ခွာမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှု ရှိနေတဲ့ အခြေအနေ။

ငွေထည့်သူနှင့် လုပ်အားထည့်သူ တွဲဖက် အဖွဲ့များ

တစ်ဦးက ရင်းနှီးငွေ၊ တစ်ဦးက လက်တွေ့ လုပ်ကိုင်မှု ထည့်ဝင်သည့် အခြေအနေ။ တန်ဖိုးဖြတ်ရ အခက်ဆုံး ပုံစံ ဖြစ်ပါသည်။

Curriculum

သင်ကြားမည့် အခန်း ၁၀ ခန်း

အခန်းတစ်ခန်းချင်းကို နှိပ်ပြီး အသေးစိတ် ကြည့်နိုင်ပါသည်။

Agree & Build

အပိုင်း ၁ — သဘောတူညီချက် တည်ဆောက်ခြင်း

လုပ်ငန်း မစတင်မီ ဆုံးဖြတ်ထားရမည့် အခြေခံ လေးချက်။ ဤအခန်းများကို မဖြေဆိုထားပါက နောင်တွင် အငြင်းပွားမှု အဖြစ်များဆုံး ဖြစ်ပါသည်။

၀၁ အရင်းအနှီး တည်ဆောက်မှု Capital Contribution

လုပ်ငန်း စတင်ရန် ငွေ ဘယ်လောက် လိုအပ်သလဲ။ ဘယ်သူ ဘယ်လောက် ထည့်မလဲ။

  • စုစုပေါင်း start-up capital သတ်မှတ်ခြင်း
  • Fixed cost, working capital, contingency fund တွက်ချက်ခြင်း
  • ငွေ၊ ပစ္စည်း၊ အသိပညာပိုင်ဆိုင်မှု (IP) ထည့်ဝင်မှု သတ်မှတ်ခြင်း
  • ငွေသွင်း ကာလ သတ်မှတ်ချက်နှင့် အရစ်ကျ စီစဉ်ချက်
  • အနာဂတ် ငွေထည့်ရမည့် စည်းမျဉ်း
  • မထည့်နိုင်ပါက ဒဏ်၊ ရှယ်ယာ လျော့ခြင်း၊ ချေးငွေအဖြစ် သတ်မှတ်ခြင်း
၀၂ ပိုင်ဆိုင်မှု ဖွဲ့စည်းပုံ Ownership & Share Structure

ဘယ်သူက လုပ်ငန်းရဲ့ ရာခိုင်နှုန်း ဘယ်လောက် ပိုင်မလဲ။

  • လုပ်ငန်း တန်ဖိုးနှင့် ရှယ်ယာ တစ်စု၏ တန်ဖိုး သတ်မှတ်ခြင်း
  • ရှယ်ယာ စုစုပေါင်း အရေအတွက်
  • တည်ထောင်သူ၊ ရင်းနှီးမြှုပ်နှံသူ၊ လုပ်အားပါဝင်သူနှင့် ဆိတ်ဆိတ်ပါဝင်သူ ခွဲဝေမှု
  • မဲပေးခွင့် (voting rights)
  • အနာဂတ်အတွက် ရှယ်ယာ သီးသန့် ဖယ်ထားခြင်း
  • ရှယ်ယာ လျော့ကျမှု (dilution) စည်းမျဉ်း
၀၃ ပါဝင်မှု တန်ဖိုး Work & Value Contribution

ငွေမဟုတ်သော အချိန်၊ ကျွမ်းကျင်မှု၊ Brand နှင့် Network တန်ဖိုးကို ဘယ်လို သတ်မှတ်မလဲ။

  • လုပ်အားကို ရှယ်ယာအဖြစ် တန်ဖိုးဖြတ်ခြင်း (sweat equity)
  • အချိန်ပြည့် နှင့် အချိန်ပိုင်း ပါဝင်မှု ကွာခြားချက်
  • အချိန်၊ ကျွမ်းကျင်မှု၊ ဝန်ဆောင်မှု၊ နည်းပညာ၊ Brand၊ Network ထည့်ဝင်မှု
  • လစာ၊ ရှယ်ယာနှင့် အမြတ်ဝေစု — ဘယ်ပုံစံ သင့်တော်မလဲ
  • ရှယ်ယာ တဖြည်းဖြည်း ရရှိမှု ကာလ (vesting)
  • ကတိအတိုင်း မလုပ်နိုင်ပါက အကျိုးဆက်
၀၄ အကျိုးအမြတ် ခွဲဝေမှု Profit & Loss Distribution

အမြတ်၊ လက်ဝယ်ငွေ (cash flow) နှင့် အမြတ်ခွဲဝေမှုကို ဘယ်လို ခွဲမလဲ။

  • ရောင်းရငွေ၊ အမြတ်နှင့် လက်ဝယ်ငွေ ကွာခြားချက်
  • အခွန်ပြီး အမြတ် တွက်ချက်ခြင်း
  • လစာ၊ ဆုကြေးနှင့် ဝန်ဆောင်မှု အခ
  • လုပ်ငန်းတွင် ပြန်ထားသည့် အမြတ် (retained earnings)
  • ခွဲဝေမည့် ရာခိုင်နှုန်းနှင့် အကြိမ်ရေ
  • အရှုံး ခံရမည့် အချိုး
  • အရေးပေါ် သီးသန့်ငွေနှင့် ပြန်လည် ရင်းနှီးမြှုပ်နှံမှု
Operate

အပိုင်း ၂ — လုပ်ငန်း လည်ပတ်ခြင်း

လုပ်ငန်း စတင်ပြီးနောက် ငွေနှင့် အာဏာကို ဘယ်လို ထိန်းချုပ်မလဲ ဆိုသည့် အပိုင်း။

၀၅ ငွေကြေး စနစ် Financial Management

လုပ်ငန်း၏ ငွေကို ဘယ်သူက ဘယ်လို ထိန်းချုပ်၊ သုံးစွဲ၊ စစ်ဆေးမလဲ။

  • လုပ်ငန်း ဘဏ်အကောင့်
  • ငွေထုတ်ခွင့် ရှိသူများ သတ်မှတ်ခြင်း
  • အသုံးစရိတ် ကန့်သတ်ချက်နှင့် အတည်ပြုချက် အဆင့်
  • လစဉ် သို့မဟုတ် သုံးလတစ်ကြိမ် အစီရင်ခံစာ
  • ဘတ်ဂျက်နှင့် ငွေထုတ် စည်းမျဉ်း
  • ချေးငွေ ယူရန် အတည်ပြုချက်
  • စာရင်းစစ်ခြင်းနှင့် အလွဲသုံးစားမှု တားဆီးခြင်း
၀၆ အုပ်ချုပ်မှု စနစ် Leadership & Governance

Partnership ကို ဘယ်သူ ဦးဆောင်မလဲ။ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမလဲ။

  • မဟာဗျူဟာ၊ ဖွဲ့စည်းပုံ၊ စနစ်၊ ဝန်ထမ်းနှင့် တူညီသော တန်ဖိုးများ
  • မိတ်ဖက် အဖွဲ့ (partner board)
  • အကြီးစားနှင့် အသေးစား ဆုံးဖြတ်ချက် ခွဲခြားခြင်း
  • အစည်းအဝေး စနစ်
  • တာဝန်နှင့် KPI သတ်မှတ်ခြင်း
  • ဆုံးဖြတ်ချက် ပိတ်ဆို့သွားပါက ဖြေရှင်းနည်း (deadlock rule)
  • ဦးဆောင်မှု လက်ဆင့်ကမ်းခြင်း
Protect & Exit

အပိုင်း ၃ — ကာကွယ်ခြင်းနှင့် ထွက်ခွာခြင်း

လုပ်ငန်းရှင်များ အများဆုံး မေ့ထားလေ့ရှိသည့် အပိုင်း။ ဒီအခန်းများကို ကြိုတင် ရေးမထားပါက တစ်ခုခု ဖြစ်လာသည့်အခါ ဖြေရှင်းရ အခက်ဆုံး ဖြစ်ပါသည်။

၀၇ ထွက်ခွာမှု စနစ် Withdrawal & Exit

Partner တစ်ဦး ထွက်ချင်လျှင် လုပ်ငန်း မထိခိုက်အောင် ဘယ်လို ဆောင်ရွက်မလဲ။

  • မိမိဆန္ဒအရ ထွက်ခွာခြင်း
  • စွမ်းဆောင်ရည် မပြည့်မီခြင်း သို့မဟုတ် စည်းကမ်း ချိုးဖောက်ခြင်း
  • ကြိုတင် အသိပေးရမည့် ကာလ
  • သဘောကောင်းစွာ ထွက်သူနှင့် မကောင်းစွာ ထွက်သူ ခွဲခြားခြင်း
  • တန်ဖိုးဖြတ်ခြင်းနှင့် ရှယ်ယာ ပြန်ဝယ်ခြင်း လုပ်ငန်းစဉ်
  • ငွေပေးချေမည့် စည်းကမ်းချက်
  • တာဝန် လက်လွှဲခြင်း
  • လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းနှင့် ဝန်ထမ်း၊ ဖောက်သည် မဆွဲယူရ စည်းမျဉ်း
၀၈ ဆက်ခံမှု စနစ် Death, Disability & Spouse

Partner တစ်ဦး ကွယ်လွန်ခြင်း သို့မဟုတ် ဆက်လက် မလုပ်နိုင်တော့ခြင်း ဖြစ်လာလျှင် ရှယ်ယာနှင့် စီမံခွင့် ဘယ်လို ဖြစ်မလဲ။

  • မိတ်ဖက် ကွယ်လွန်ခြင်း
  • ခေတ္တ သို့မဟုတ် အမြဲတမ်း မသန်စွမ်းခြင်း
  • ဇနီးမောင်နှံနှင့် အမွေဆက်ခံသူ အခွင့်အရေး
  • အမွေဆက်ခံမှု
  • စီမံခွင့်နှင့် ပိုင်ဆိုင်ခွင့် ကွာခြားချက်
  • ရှယ်ယာ ပြန်ဝယ်ရန် ငွေ စီစဉ်ခြင်း
  • အသက်အာမခံ / အဓိကပုဂ္ဂိုလ် အာမခံ
  • လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရန် အစီအစဉ်
၀၉ ပိုင်ဆိုင်မှု လွှဲပြောင်းမှု Share Transfer

Partner တစ်ဦး ရှယ်ယာကို ရောင်းချ၊ ပေးအပ် သို့မဟုတ် လက်လွှဲလိုလျှင် ဘယ်လို ခွင့်ပြုမလဲ။

  • အတွင်းလူချင်း လက်လွှဲခြင်း
  • အပြင်လူဆီ ရောင်းချခြင်း
  • လက်ရှိ မိတ်ဖက်များ၏ ဦးစားပေး ဝယ်ခွင့် (right of first refusal)
  • မိတ်ဖက်အသစ် ဖြစ်ထိုက်မှု စစ်ဆေးခြင်း
  • အဖွဲ့ သို့မဟုတ် မိတ်ဖက်များ၏ အတည်ပြုချက်
  • တန်ဖိုးဖြတ်ခြင်း
  • မိသားစုဆီ လက်လွှဲခြင်း
  • ယှဉ်ပြိုင်သူဆီ ရောင်းချမှု ကန့်သတ်ချက်
၁၀ ပဋိပက္ခ ဖြေရှင်းမှု Dispute Resolution

Partner များ သဘောမတူသည့်အခါ ဆက်ဆံရေးနှင့် လုပ်ငန်း မပျက်စီးအောင် ဘယ်လို ဖြေရှင်းမလဲ။

  • တာဝန်ဝတ္တရား အငြင်းပွားမှု
  • ငွေကြေး အငြင်းပွားမှု
  • အလုပ်ဝန် မမျှတမှု
  • ဦးဆောင်မှု အငြင်းပွားမှု
  • တိုက်ရိုက် ဆွေးနွေးခြင်း
  • တရားဝင် အစည်းအဝေး
  • အလယ်ဖျန်ဖြေခြင်း (mediation)
  • ခုံသမာဓိ / ဥပဒေဆိုင်ရာ သုံးသပ်ခြင်း
  • နောက်ဆုံးအဆင့်အနေဖြင့် ရှယ်ယာ ပြန်ဝယ်ခြင်း သို့မဟုတ် ထွက်ခွာခြင်း
The PBR System

PBR System ဆိုတာ ဘာလဲ

PBR System သည် သင်တန်းမှာ လေ့လာခဲ့သည့် မိတ်ဖက်လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို လက်တွေ့လုပ်ငန်းထဲတွင် ဆက်လက်အသုံးချနိုင်ရန် ဖန်တီးထားသည့် Business Operating System ဖြစ်ပါသည်။

သင်ခန်းစာ ၁၀ ခန်းမှ ဆုံးဖြတ်ချက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊ မိတ်ဖက်များ၏ တာဝန်နှင့် ပါဝင်မှုကို ရှင်းလင်းစေခြင်း၊ လုပ်ဆောင်ရမည့် အလုပ်များကို စီမံခြင်းနှင့် လုပ်ငန်း၏ လက်ရှိအခြေအနေကို တစ်နေရာတည်းမှ ကြည့်ရှုနိုင်ရန် ကူညီပေးပါသည်။

  1. သင်ခန်းစာတစ်ခန်းချင်းအလိုက် လက်တွေ့အသုံးချနိုင်သော Business Tools များ
  2. မိတ်ဖက်များနှင့် အတူအသုံးပြုနိုင်သော Partnership Workspace
  3. လုပ်ငန်း၏ အရေးကြီးအချက်အလက်များကို ကြည့်ရှုနိုင်သော Business Dashboard
  4. ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ရမည့်အလုပ်များကို စီမံနိုင်သော Action Center
  5. သင်ခန်းစာများနှင့် System အသုံးပြုမှုကို နားလည်စေရန် ကူညီပေးသော PBR AI Assistant
Format

သင်တန်း ပုံစံ

လာမည့် သင်တန်း၏ အချက်အလက်များကို Admin မှ သတ်မှတ်ထားသည့် Class Schedule အတိုင်း အလိုအလျောက် ဖော်ပြပေးပါသည်။

စက်တင်ဘာ ၂၇
Upcoming Class

Partnership Business Rules - Batch 4

စက်တင်ဘာ ၂၇–၃၀ · ၄ ရက် · 7:00–10:00 PM
Online — Zoom Live Class · 1,000,000 THB
Capacity 300 299 seats left
View Class
Next step

လာမည့် သင်တန်း အချိန်စာရင်း ကြည့်ရန်

သင်တန်း တက်ရောက်ပြီးသူများသည် အကောင့်ဖွင့်စဉ် ဆရာပေးထားသော Code ကို ထည့်သွင်းပါ။ စစ်ဆေးအတည်ပြုပြီးပါက Student Portal ကို ဝင်ရောက်နိုင်ပါမည်။