စပ်တူ လုပ်ငန်း လုပ်နေတဲ့သူတွေ ဒီအချက်တွေရှင်းလင်း ပြီလား ⁉️🔑
ပါတနာနဲ့ လုပ်ငန်းစလုပ်တဲ့အခါ လူတော်တော်များများက…
"အချင်းချင်း"ပဲဆိုပြီး သိပ်မစဉ်းစားဘဲ လုပ်လိုက်ကြတယ်။
ဒါပေမယ့်… တစ်ခု သိထားရမှာက
အခုအဆင်ပြေနေလို့ နောက်လည်း အဆင်ပြေမယ်လို့ တသမတ်တည်း ယူဆလို့မရဘူး။။ စပ်တူလုပ်ငန်း ၁၀၀ မှာ ၆၅ ခုက ကျရှုံး လေ့ရှိတယ် ။
ဒါကြောင့် လုပ်ငန်းစမယ့်နေ့မှာပဲ ဒီ ၅ ခုကို အရင်ဆုံး ရှင်းလင်း ထားပါ။
1️⃣ဆုံးဖြတ်ချက် ဘယ်သူချမှာလဲ?
ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းလို့ရိုးထုံးစံမရှိသလိုဘဲ
စပ်တူ လုပ်ငန်းတစ်ခုမှာလည်း သဘောထားမကိုက်ညီတဲ့
Partner ချင်းရေရှည်လက်မတွဲနိုင်ဘူး
ဒါကြောင့်ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပြီး ယုံကြည်ရတဲ့ Partner တွေဖြစ်ပါစေ။
Final Decision ကို ဘယ်သူကချမှတ်မလဲဆိုတာ အရင်သတ်မှတ်ပါ။
2️⃣ တာဝန်ဝတ္တရားတွေကို တိတိကျကျ ခွဲထားပါ။
Partner တစ်ယောက်ချင်းစီက
ဘယ်သူက ဘယ်အပိုင်းတာဝန်ယူမလဲ? ဘယ်အရာကို ဘယ်သူဆုံးဖြတ်မလဲ?
နှုတ်နဲ့ မဟုတ်ဘဲစာချုပ်နဲ့ တကွတရားဝင်ချုပ်ဆိုထားပါ။
နှုတ်နဲ့ပြောထားတဲ့ ကတိတွေက လေထဲမှာပျောက်ကွယ်သွားနိုင်တယ်။
ဒါပေမယ့်စာချုပ်စာတမ်းနဲ့တကွ ရေးထိုးထားတဲ့ လက်မှတ်တွေက
တချိန်ပြဿနာဖြစ်လာတဲ့အခါ မှတ်တမ်းသက်သေတွေအဖြစ်ကျန်ခဲ့နိုင်တယ်။
3️⃣ အမြတ်၊ အရှုံး ခွဲဝေမှု
စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါ အမြတ်ရတဲ့ အခါလည်းရှိသလို
အရှုံးပေါ်တဲ့အခါလည်းရှိမယ်။
ဘယ်အရာမှ ပုံသေတွက်ထားလို့ မရတဲ့အတွက်
မစခင်ကတည်းက အမြတ်ရတဲ့အခါ ဘယ်လို အချိုးကျ ခွဲမလဲ?
လိုငွေပေါ်လာရင်ကော ဘယ်သူက ဘယ်ပမာဏအထိ ပြန် စိုက်ထုတ်ကြမလဲ။
ဒါကို အစကတည်းက ကြိုပြောထားပါ။
4️⃣ အရင်းအနှီး ဘယ်လိုထည့်မလဲ။
တစ်ယောက်က ငွေထည့်တယ်။ တစ်ယောက်က အချိန်နဲ့ Skill ထည့်တယ်။
အမြတ်ရတဲ့အခါ လုပ်အားနဲ့ ငွေအား ဘယ်လို အချိုးကျ ဘယ်လိုခွဲဝေမလဲ။
နောက်ထပ်ငွေလိုလာရင် Loan အနေနဲ့ ထည့်မလား၊ Equity ထပ်ယူမလား?
ဒီအချက်တွေကို အစကတည်းက သဘောတူညီချက်ယူထားပါ။
5️⃣ Exit plan သတ်မှတ်ပါ။
လုပ်ငန်းအစမှာတင်လမ်းခွဲဖို့ စကားတွေ ပြောရတာ ခက်ကောင်းခက်နိုင်တယ်။
ဒါပေမယ့်…
အစမှာ မပြောရဲခဲ့တဲ့စကားတွေက နောက်ပိုင်းမှာ ပြဿနာကြီးတွေ ဖြစ်လာနိုင်တယ်။
ဒါကြောင့်... လုပ်ငန်း အစကတည်းက
Partner ကထွက်ချင်ရင် ဘယ်လိုထွက်မလဲ။
Share ကို ဘယ်လို Buy-out လုပ်မလဲ။
Brand နဲ့ Customer Base ကို ဘယ်လိုခွဲမလဲ။
ဒါတွေကို ကြိုသတ်မှတ်ထားပါ။
လုပ်ငန်း စလုပ်ကတည်းက ဒီအချက်တွေကြိုမရှင်းလင်းထားဘူးဆိုရင်
တချိန်ချိန်မှာPartnerနှစ်ယောက် ကြား အဖုအထစ်တွေရှိလာနိုင်တယ်။
ပါတနာချင်းမှ အဆင်မပြေရင် လုပ်ငန်းလဲပျက်တာပါပဲ။
ဒါကြောင့် ကျနော့်ရဲ့ လုပ်ငန်းရှင်မိတ်ဆွေများအနေနဲ့ စပ်တူလုပ်ငန်းလုပ်တဲ့အချိန်မှာ
အမြတ်ရဖို့နဲ့ အရင်းထည့်ဖို့ လောက်ပဲ မတွက်ပါနဲ့။
အပေါ်က (၅) ချက်နဲ့ကိုက်မှ စတင်ကြဖို့ အကြံပေးချင်ပါတယ်။
စပ်တူလုပ်ဖို့ …ပြင်ဆင်နေဆဲလုပ်ငန်များဖြစ်စေ၊
လုပ်လက်စလုပ်ငန်းများဖြစ်စေ ပါတနာ အချင်းချင်းကြားက ပြဿနာတွေကို နစ်နာမှုအနည်းဆုံးနဲ့ ၂ ဦး ၂ ဖက် အကျိုးရှိမယ့် စာချုပ်တွေ ချုပ်ဆိုနိုင်ဖို့အတွက် လိုအပ်မယ့် စည်းမျဉ်းစည်းကမ်းတွေကို ...
ကျနော့ရဲ့ PBR သင်တန်းမှာ လည်း အသေးစိတ်သင်ကြားပေးနေပါတယ် ။ အခုကတော့ Batch 4 ပါ ။
❗လာမယ့် Sept 27 မှာ ဖွင့်ပါမယ် ။
စိတ်ဝင်စားတယ်ဆိုရင် Page CB မှာ " PBR " လို့ msg ပို့ပြီး စုံစမ်းပါ ။
အသေးစိတ်အချက်အလက်တွေကို Team က ဆက်လက်ရှင်းပြပေးပါမယ်။
ဉာဏ်လင်းအောင် Unlock Your Future