ကျနော်တို့ သူငယ်ချင်းနှစ်ယောက် ဆိုင်လေးတစ်ဆိုင် ဖွင့်မလို့။ သူက မတည်ငွေ နှစ်ဆ စိုက်မယ်၊ အိမ်ခန်းလည်း အခမဲ့ ထုတ်ပေးမယ်။
ကျနော်ကတော့ ငွေတစ်ဆနဲ့ ကျနော့်ရဲ့ Skill ကို စိုက်ထုတ်မယ်။
မိတ်ဆွေတွေမလို့ အမြတ်ကိုတော့ ၅၀ - ၅၀ % ခွဲမလို့ စီစဉ်ထားတယ်… အဆင်ပြေတယ်မလား ဆရာဆိုပြီး ကျနော်ရဲ့ PBR သင်တန်းသားတစ်ယောက်ကမေးလာပါတယ်
ကျနော် သူ့ကို ပြန်မေးလိုက်တဲ့ မေးခွန်းက —
"ဒီလိုခွဲဝေမှုက အစပိုင်းမှာတော့ အဆင်ပြေတယ် ထင်ရပေမဲ့… ရေရှည်မှာရော တကယ် မျှတရဲ့လား ? တစ်ယောက်ယောက် နစ်နာလာရင် ဒီလုပ်ငန်းက ဆက်သွားလို့ ရပါဦးမလား" ဆိုတာပါပဲ။
မြန်မာပြည်မှာ စပ်တူလုပ်ငန်း ဖွင့်ကြတဲ့အခါ လူတော်တော်များများဟာ
"အချင်းချင်း ရင်းနှီးတာပဲ ၊ ၅၀ - ၅၀ % ခွဲလိုက်တာ အလွယ်ဆုံးပဲ" ဆိုပြီး ဆုံးဖြတ်တတ်ကြပါတယ်။ ဒါပေမဲ့ စပ်တူလုပ်ငန်းတစ်ခုမှာ ၅၀ - ၅၀ % ဆိုတဲ့ ညီတူညီမျှ ခွဲဝေမှုဟာ အမြဲတမ်း မျှတနေတာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ Management ရဲ့ သဘောအရ ပါတနာနှစ်ယောက်ရဲ့ တာဝန်၊ ပေးဆပ်ရတဲ့ အချိန်နဲ့ စိုက်ထုတ်ရတဲ့ လုပ်အားဟာ ဘယ်တော့မှ ၅၀ - ၅၀ % အတိအကျ မတူညီနိုင်လို့ပါပဲ။
ဒီအတိုင်းသာ သွားခဲ့မယ်ဆိုရင် — တာဝန် ပိုကြီးတဲ့သူ၊ အလုပ် ပိုလုပ်ရတဲ့သူဘက်က အချိန်ကြာလာတာနဲ့အမျှ "ငါက ပိုပင်ပန်းနေရတာ" ဆိုတဲ့ နစ်နာမှု ခံစားချက် စတင်ဝင်ရောက်လာပါလိမ့်မယ်။
ခံစားချက်တွေ များလာရင် အဖုအထစ်ဖြစ်မယ်၊ အဖုအထစ်ကနေ ပြဿနာဖြစ်မယ်၊ ပြဿနာဖြစ်ရင် စက်ဆုပ်ဖွယ် အဆုံးသတ်နဲ့ လုပ်ငန်းပါ ပျက်စီးသွားတတ်ပါတယ်။
ဒါဆိုရင် အခုလို အခြေအနေမျိုးမှာ နည်းမှန်လမ်းမှန် ဘယ်လို သွားသင့်ပါသလဲ ?
၁။ လုပ်အားနဲ့ ကျွမ်းကျင်မှုကို တန်ဖိုး (Valuation) ဖြတ်ပါ
လုပ်အားနဲ့ Skill ကို ဒီအတိုင်း ၅၀ % လို့ မသတ်မှတ်ပါနဲ့။ မိမိရဲ့ ကျွမ်းကျင်မှု၊ လုပ်ငန်းအတွက် ပေးဆပ်ရမယ့် အချိန်နဲ့ တာဝန်တွေကို ပိုက်ဆံနဲ့ တိတိကျကျ တန်ဖိုးဖြတ် ရပါမယ်။ ဒီတန်ဖိုးကို တစ်ဖက် ပါတနာကလည်း လက်ခံရပါမယ်။
၂။ အချိန်ကာလနဲ့ တွက်ချက်ပြီး အစုခွဲပါ လုပ်အားနဲ့ ကျွမ်းကျင်မှု စိုက်မယ် ဆိုရင် အဲ့ဒီ တန်ဖိုးကို ဒီလုပ်ငန်းမှာ ဘယ်နှစ်နှစ် ပါဝင်စိုက်ထုတ်ပေးမှာလဲဆိုတဲ့ အချိန်ကာလ (Duration) အပေါ် လုပ်အားခ တွက်ချက်ရပါမယ် ။ ထွက်ရှိလာတဲ့ တန်ဖိုးစုစုပေါင်းကို အစုရှယ်ယာ (Share) တန်ဖိုးအဖြစ် ပြောင်းလဲပြီး ကိုယ်ရရှိမယ့် လုပ်ငန်းပိုင်ဆိုင်မှု အဖြစ် ပြန်လည် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
၃။ လုပ်ငန်းအတွက် ကုန်ကျနိုင်မယ့် ငွေအား လုပ်အားနဲ့အခြား ကုန်ကျစရိတ်တွေကို ကြိုတင်ထည့်သွင်းတွက်ချက်ပါ ။ မတည်ငွေကိုစနစ်တကျ စာရင်းသွင်းပါ ဆိုင်ဖွင့်မယ့် အိမ်ခန်းရဲ့ ကာလပေါက်ဈေး အခန်းငှားခ တန်ဖိုး စတာတွေကိုပါ စပ်တူ ရင်းနှီးမြှုပ်နှံမှုထဲမှာ တိတိကျကျ Valuation ဖြတ်ပြီး စာရင်းသွင်း ရပါမယ်။ အဲ့ဒါမှ လုပ်ငန်းတန်ဖိုးထဲမှာ ဘယ်သူက ဘာစိုက်တယ်ဆိုတဲ့ စိုက်ထုတ်မှု က ပိုရှင်းလင်းလာမှာဖြစ်တယ် ။
စပ်တူလုပ်ငန်းတစ်ခု ရေရှည် ခိုင်မာဖို့ဆိုရင် "ညီတူညီမျှ ခွဲဝေခြင်း" ထက် "ထိုက်တန်ခြင်းနဲ့ မျှတခြင်း (Fairness)" ကို ဦးတည်ရပါတယ်။
ကိုယ် ပေးဆပ်ရတဲ့ တန်ဖိုးအတွက် ထိုက်တန်စွာ ပြန်ရနေမှသာ ပါတနာနှစ်ယောက်စလုံး စိတ်ရှင်းရှင်းနဲ့ လုပ်ငန်းကို အရှိန်အဟုန်မပျက် တိုးချဲ့နိုင်မှာပါ။
ကိုယ့်စပ်တူလုပ်ငန်းမှာရော… ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်အားတန်ဖိုးတွေကို စနစ်တကျ Valuation ဖြတ်ပြီးပြီလား ?
စပ်တူ လုပ်ငန်းဟာ လုပ်တတ်ရင် တစ်ယောက်ထဲလုပ်တာထက် အရှိန်အများကြီးပိုမြန်တယ် ၊ ပိုကြီးထွားနိုင်ပေမယ့် မလုပ်တတ်ရင်တော့ ကိုယ့်ကို အများကြီးပင်ပန်းခက်ခဲစေပါလိမ့်မယ် ။
ကိုယ်ငွေနဲ့ကိုယ် ဒုက္ခမရောက်ချင် ရင် စပ်တူလုပ်ငန်း မလုပ်ခင် Rule တွေကို သေချာပေါက်လေ့လာပါ၊ စနစ်တကျ ပြင်ဆင်ပြီးမှ စတင်ပါ။
လာမယ့် စက်တင်ဘာမှာဖွင့်မယ် ကျနော်ရဲ့ Partnership Business Rules (PBR) batch - 4 ဖွင့်ဖို့ရှိပါတယ် ။
🌱အထူးဈေးနဲ့ အပ်နှံဖို့ CB ကို အမြန်သွားပါ ။
တက်ရောက်လိုသူများက Chat box မှာ “PBR4” လို့ရိုက်ပြီး စုံစမ်းပါခင်ဗျာ
ဥာဏ်လင်းအောင် Unlock Your Future