စပ်တူလုပ်ရမှာ ကြောက်နေသူများသာဖတ်ပါ‼️
"စပ်တူလုပ်ငန်း"လို့ ပြောလိုက်တာနဲ့ တချို့ လုပ်ငန်းရှင်တွေက
အရင်က အတွေ့အကြုံ တွေကြောင့် ထပ်လုပ်ရမှာ ကြောက်ကြတယ်။
အကြောင်းရင်းကလည်း သဘာဝကျပါတယ်။
စပ်တူလုပ်လိုက်မှ တစ်ယောက်နဲ့တစ်ယောက် မကြည့်ချင်လောက်အောင် မိတ်ပျက်သွားကြတယ်။
အရင်းနှီးဆုံးမိတ်ဆွေကနေ မတွေ့ချင်ဆုံး ရန်သူတွေ အဖြစ် အမုန်းပွားကြရတယ်။
တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ သည်းမခံနိုင်တဲ့အချိန် တော့မှ ငွေတွေ၊ လုပ်အားတွေ၊ အချိန်တွေ
ဆုံးရှူံးခံပြီး လုပ်ငန်းထဲကနေ နှုတ်ထွက်လိုက်ကြရတယ်။
ဒါတွေကြုံရပါများတော့
နောက်ပိုင်း စပ်တူလုပ်ငန်းဟာဘယ်လောက်ပဲအလားအလာရှိပါတယ် ပြောပြော
"စပ်တူ"ဆိုတဲ့အသံပါမကြားချင်လောက်အောင်စိတ်ကုန်လာတာမျိုး ကျနော် အများကြီးကြားခဲ့၊ကြုံခဲ့ဖူးပါတယ်။
ဒါတွေအားလုံးရဲ့ တရားခံက ဘယ်သူလဲ❓
Partner မကောင်းလို့လား။ မဟုတ်ပါဘူး။
Business ကအလားအလာ မရှိလို့လား။ ဒါလည်းမဟုတ်ဘူး။
အဓိကအကြောင်းရင်းက_
စပ်တူလုပ်ငန်းစကတည်းကစနစ်တကျ ဘယ်လိုRules တွေချရမလဲဆိုတဲ့လုပ်ထုံးလုပ်နည်း ကိုမလေ့လာမိတာကြောင့်ရယ်
နောက်တစ်ချက်က ကျနော်တို့ မြန်မာတွေရဲ့ အကျင့်လို့တောင်ပြောရမယ့် ယုံကြည်မှုတစ်ခု အပေါ် အခြေခံပီးအလုပ်လုပ်ကြ ၊Written Agreement တွေ မလုပ်ထားကြလို့သာဖြစ်ပါတယ်။
တကယ်တော့.. စပ်တူလုပ်ငန်းက ကြောက်စရာမဟုတ်ဘူး။
စနစ်မရှိတဲ့ စပ်တူလုပ်ငန်းကသာ ကြောက်စရာကောင်းတာပါ။
ဒါကြောင့် ကျနော့်ရဲ့လုပ်ငန်းရှင်၊ မိတ်ဆွေတွေအနေနဲ့
စပ်တူလုပ်ငန်း လုပ်နေဆဲဖြစ်စေ၊စပ်တူလုပ်ဖို့ စီစဉ်နေတယ်ဆိုရင်ဖြစ်စေ...
မိတ်ဆွေမပျက်ခင်၊ ငွေမဆုံးရှုံးခင်၊ လုပ်ငန်းမထိခိုက်ခင် စနစ်တကျ လုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြပါ။
ကျနော်ကိုယ်တိုင်လည်း စပ်တူလုပ်ငန်းကြောင့် အချိန်တွေငွေတွေ အများကြီး ဆုံးရှုံးခဲ့ဖူးတဲ့အတွက် ဒါကို ထပ်ခါထပ်ခါ သတ်ိပေးနေတာ ဖြစ်တယ် ။
စပ်တူလုပ်ငန်းအတွက် လိုအပ်တဲ့ စနစ်နဲ့၊ စည်းမျဥ်းတွေကို လုပ်ငန်းမစခင် မဖြစ်မနေလေ့လာပါ ။ ကျနော့်ဆီမှာမှ မဟုတ်ဘူး ကြိုက်တဲ့ နေရာက လေ့လာပါ ။
ကျနော်နဲ့အတူ ကျနော့်အတွေ့အကြုံတွေ အခြေခံ ၊ နိုင်ငံတကာ က Theory တွေကို အခြေခံပြီး မြန်မာ့ရေခံမြေခံနဲ့ကိုက်အောင် ပြင်ဆင်ထားတဲ့ Partnership Rules တွေကို လေ့လာချင်တဲ့သူတွေ အတွက်ကတော့
လာမယ့် စက်တင်ဘာလမှာ ၂၇ မှာ " စပ်တူလုပ်ငန်း လုပ်ထုံးလုပ်နည်းများ "ဆိုတဲ့ အတန်းကို ဖွင့်ပေးသွားဖို့ရှိပါတယ်။
ဒီသင်တန်းမှာ ကျနော် လေ့လာထားသမျှ ပညာရပ်တွေအပြင်
လက်ရှိ လုပ်ဆောင်နေတဲ့ စပ်တူလုပ်ငန်းစု( ၅ )ခုကရတဲ့ အတွေ့အကြုံတွေကိုပါ မျှဝေသွားမှာ ဖြစ်ပါတယ်။
🌱အခု က Batch 4 ဖွင့်မှာဖြစ်ပါတယ် ။
ရှေ့ Batch 1,2,3တွေမှာ လုပ်ငန်းရှင်ရာပေါင်းများစွာရဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ် ။
အခု Batch 4 ကိုရောက်ပါပြီ။ 🌱
Zoom ဖြင့်သင်ကြားမှာ ဖြစ်ပြီး သင်တန်းကာလ (၄) ရက် ကြာမြင့်မှာ ဖြစ်ပါတယ် ။ 🤝🌱
စိတ်ဝင်စားတယ်ဆိုရင် Page Messenger မှာ " PBR " လို့ ပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။
ဉာဏ်လင်းအောင် Unlock Your Future