မြန်မာနှင့် ထိုင်းနိုင်ငံရှိ SME လုပ်ငန်းရှင်များအတွက် အထူးရေးဆွဲထားသော သင်တန်း။ သီအိုရီထက် လက်တွေ့ကျသော ဥပမာများ၊ ချက်ချင်း သုံးနိုင်သည့် စာချုပ်ပုံစံများနှင့်အတူ။
အောက်ပါ မေးခွန်းများကို လုပ်ငန်းမစတင်မီ မဖြေဆိုထားပါက နောင်တွင် အငြင်းပွားမှု ဖြစ်လေ့ရှိပါသည်။
တစ်ဦးက ရင်းနှီးငွေ ထည့်ပြီး တစ်ဦးက လုပ်အား ထည့်သည့်အခါ မျှတသော အချိုးကို ဘယ်လို တွက်ချက်မလဲ။
ရှယ်ယာကို ဘယ်သူက ပြန်ဝယ်မလဲ။ လုပ်ငန်း၏ တန်ဖိုးကို ဘယ်နည်းလမ်းဖြင့် သတ်မှတ်မလဲ။
နေ့စဉ်လုပ်ငန်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုကဲ့သို့ အကြီးစား ဆုံးဖြတ်ချက်များအတွက် အာဏာကို ဘယ်လို ခွဲခြားထားမလဲ။
စာချုပ်ထဲတွင် ကြိုတင် ထည့်သွင်းမထားသဖြင့် လုပ်ငန်းရှင်များ အများဆုံး နောင်တရရသည့် အချက်များ။
ဆရာ ဥာဏ်လင်းအောင်သည် လူငယ်ဘဝကတည်းက စပ်တူလုပ်ငန်းများကို ကိုယ်တိုင် လက်တွေ့လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုများသာမက မအောင်မြင်မှုများနှင့် ငွေကြေးဆုံးရှုံးမှုများကိုပါ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် အရွယ်အစားကြီးမားသည့် စပ်တူလုပ်ငန်းတစ်ခုမှ ငွေကြေးဆုံးရှုံးမှုကြီးမားစွာ ကြုံတွေ့ခဲ့ရခြင်းသည် စပ်တူလုပ်ငန်းအပေါ် အမြင်ကို ပြောင်းလဲစေခဲ့သည့် အရေးကြီးသော Turning Point ဖြစ်ခဲ့ပါသည်။
ထိုအချိန်မှစ၍ Partner ရွေးချယ်မှု၊ Ownership Structure၊ Role & Responsibility၊ Profit Sharing၊ Decision Making၊ Conflict Management နှင့် Exit Plan များကို စနစ်တကျလေ့လာပြီး ကိုယ်တိုင်၏ လုပ်ငန်းများတွင် ပြန်လည်အသုံးချခဲ့ပါသည်။ ယနေ့တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တို့တွင် စပ်တူလုပ်ငန်းများကို လက်တွေ့လုပ်ကိုင်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်မှစတင်၍ Partnership Business Rules (PBR) ကို သင်ကြားခဲ့ပြီး ယခု Batch 4 အထိ ရောက်ရှိလာပြီဖြစ်ပါသည်။ သင်တန်းများနှင့် Business Consultation Sessions များမှတစ်ဆင့် လုပ်ငန်းရှင်များအား အမှားများကို ကြိုတင်မြင်နိုင်ရန်၊ ရှိပြီးသား Partnership များကို ပိုမိုစနစ်တကျ တည်ဆောက်နိုင်ရန်နှင့် Partner ကြောင့် ဖြစ်လာနိုင်သော ထိခိုက်မှုများကို လျှော့ချနိုင်ရန် ကူညီပေးလျက်ရှိပါသည်။
မြန်မာလုပ်ငန်းရှင်များ စပ်တူလုပ်ငန်းကို မှန်ကန်စွာ တည်ဆောက်နိုင်စေရန်၊ Myanmar SMEs များ ပိုမိုခိုင်မာလာစေရန်နှင့် ပိုမိုကောင်းမွန်သော Myanmar Business Culture တစ်ခုကို ဖန်တီးပေးရန် ဖြစ်ပါသည်။
“ယုံကြည်မှုရှိလို့ Rules မလိုတာ မဟုတ်ပါဘူး။ ယုံကြည်မှုကို ရေရှည်ထိန်းထားချင်လို့ Rules လိုတာပါ။”
PBR Batch 1 နှင့် Batch 2 သင်တန်းသားများထံမှ ရရှိထားသော တကယ့်အတွေ့အကြုံနှင့် သုံးသပ်ချက်များ။
“လုပ်ငန်းကြီးတွေ လုပ်ပြီး Partnership Contract တွေ နားမလည်ခဲ့တာတွေကို သင်တန်းတက်ပြီး နားလည်ခဲ့ပါတယ်။ Future အတွက် အားအင်နဲ့ စွမ်းအင်တွေလည်း အများကြီးရရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။”
“Partner တွေကို Personal Type စစ်ဆေးခြင်းနဲ့ Earning After Tax ကို Agreement မှာ သေချာထည့်ချုပ်ရမယ့်အချက်တွေ အပါအဝင် Partnership Business Rules များကို စေ့စေ့စပ်စပ် သိခွင့်ရခဲ့ပါတယ်။ ဆရာ့သင်တန်းများကိုလည်း အဆက်မပြတ် Join ပြီး ဆက်လက်သင်ယူသွားပါမယ်ရှင့်။”
“PBR သင်တန်းကနေ သင်ယူမှုတွေ အများကြီးရလိုက်ပါတယ်။ ကိုယ်မသိနားမလည်ခဲ့တဲ့ အပိုင်းနဲ့ Q&A တွေကို ရှင်းပြပေးတဲ့အတွက် ဆရာနဲ့ဆရာမကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လုပ်ငန်းရှင်တွေအတွက် PBR သင်တန်းလေးကို အထူးကျေးဇူးတင်ပါတယ်။”
အကောင့်ဖွင့်ရန် အခမဲ့ ဖြစ်ပါသည်။ ဆောင်းပါးများနှင့် သင်တန်းအချက်အလက်များကို မည်သူမဆို ဖတ်ရှုနိုင်ပါသည်။