thePBR Log In
Home Resources — Articles — Videos — Classes About the Class Log In
Home/Articles/Agreement
Agreement

ပါတနာချင်း မျက်နှာပျက်စရာမလိုဘဲ စနစ်တကျ လမ်းခွဲနည်း

ပါတနာချင်း မျက်နှာပျက်စရာမလိုဘဲ စနစ်တကျ လမ်းခွဲနည်း

ပါတနာချင်း မျက်နှာပျက်စရာမလိုဘဲ စနစ်တကျ လမ်းခွဲနည်း

“အစတုန်းကတော့ အတူတူ အောင်မြင်ကြမယ်ဆိုပြီး တက်ကြွခဲ့ပေမဲ့... နောက်ပိုင်းမှာ လုပ်ငန်းအမြင်တွေ မတူတော့လို့ နှုတ်ထွက်ချင်လာရင် ဘာလုပ်မလဲ?”

ကျနော့်ဆီ ရောက်လာလေ့ရှိတဲ့ စပ်တူလုပ်ငန်းရှင် အများစုမှာ အဆိုးရွားဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ ပါတနာတစ်ယောက်ယောက်က လုပ်ငန်းထဲကနေ ငွေ ပြန်ထုတ်ချင်တာ ဒါမှမဟုတ် နှုတ်ထွက်ချင်တဲ့အခါ ဘယ်လို လမ်းခွဲရမယ်ဆိုတဲ့ Exit Strategy မရှိတာပါပဲ။

မြန်မာပြည်က စပ်တူလုပ်ငန်းအများစုဟာ ဝင်တုန်းကတော့ ယုံကြည်မှုနဲ့ လွယ်လွယ်ဝင်လာကြပြီး ထွက်တဲ့အခါကျရင်တော့ ညှိမရဘဲ အမုန်းပွားတတ် ကြပါတယ်။

ငွေထည့်ထားသူက "ငါ့ငွေ ငါပြန်ထုတ်မယ်" လို့ ပြောတဲ့အခါ Founder ဘက်ကလည်း မရှိရှိတာ လိုက်ရှာပေးရရင်း လုပ်ငန်းပါ ပြိုလဲသွားရတာမျိုးတွေ ခေတ်အဆက်ဆက် ရှိခဲ့ပါတယ်။

တကယ်တော့ … စပ်တူလုပ်ငန်းဆိုတာ အများပိုင် ကွန်ဒိုတိုက်ခန်း ဝယ်ထားတာနဲ့ တူပါတယ်။ ကိုယ် ငွေလိုလို့ အခန်းကို ပြန်ရောင်းချင်ရင် တိုက်ခန်းကြီးတစ်ခုလုံးကို ဖျက်ဆီးပြီး ငွေတောင်းလို့ မရသလို အခြားပါတနာတွေမှာလည်း သင့်ကို ငွေပြန်ထုတ်ပေးရမယ့် တာဝန် မရှိပါဘူး။

ဒါကြောင့် စပ်တူမစခင်မှာတည်းက … နှုတ်ထွက်ချင်ရင် အနည်းဆုံး ဘယ်နှနှစ် လုပ်ငန်းထဲမှာ စိုက်ထားရမလဲ? ရှယ်ယာ ပြန်ရောင်းရင် ဘယ်သူ့ကို ဦးစားပေး ရောင်းရမလဲ? တန်ဖိုး (Valuation) ကို Book Value နဲ့ တွက်မလား? စတဲ့ Exit Rules တွေကို တိတိကျကျ စာချုပ်ထဲ ထည့်ချုပ်ထားရပါမယ်။

"လူတွေ မဖြေရှင်းနိုင်တာတွေကို Rule တွေက ဖြေရှင်းပေးသွားပါလိမ့်မယ်" စပ်တူလုပ်ငန်းအောင်မြင်မှုက Partner ကောင်းတာ မကောင်းတာအပေါ် မမူတည်ဘူး စနစ်မှန်တာပေါ်မှာပဲ မူတည်ပါတယ်။

ကျနော်ကိုယ်တိုင်လည်း စပ်တူလုပ်ငန်းကြောင့် အချိန်တွေငွေတွေ အများကြီး ဆုံးရှုံးခဲ့ဖူးတဲ့အတွက် ဒါကို ထပ်ခါထပ်ခါ သတ်ိပေးနေတာ ဖြစ်တယ် ။

စပ်တူလုပ်ငန်းအတွက် လိုအပ်တဲ့ စနစ်နဲ့၊ စည်းမျဥ်း‌တွေကို လုပ်ငန်းမစခင် လေ့လာပါ ကျနော့်ဆီမှာမှ မဟုတ်ဘူး ကြိုက်တဲ့ နေရာက လေ့လာပါ ။

ကျနော်နဲ့အတူ‌ ကျနော့်အတွေ့အကြုံတွေ အခြေခံ ၊ နိုင်ငံတကာ က Theory တွေကို အခြေခံပြီး မြန်မာ့ရေခံမြေခံနဲ့ကိုက်အောင် ပြင်ဆင်ထားတဲ့ Partnership Rules တွေကို လေ့လာချင်တဲ့သူတွေ အတွက်ကတော့

လာမယ့် စက်တင်ဘာလမှာ ၂၇ မှာ " စပ်တူလုပ်ငန်း လုပ်ထုံးလုပ်နည်းများ "ဆိုတဲ့ အတန်းကို ဖွင့်ပေးသွားဖို့ရှိပါတယ်။

ဒီသင်တန်းမှာ ကျနော် လေ့လာထားသမျှ ပညာရပ်တွေအပြင်

လက်ရှိ လုပ်ဆောင်နေတဲ့ စပ်တူလုပ်ငန်းစု( ၅ )ခုကရတဲ့ အတွေ့အကြုံတွေကိုပါ မျှဝေသွားမှာ ဖြစ်ပါတယ်။

🌱အခု က Batch 4 ဖွင့်မှာဖြစ်ပါတယ် ။

ရှေ့ Batch 1,2,3တွေမှာ လုပ်ငန်းရှင်ရာပေါင်းများစွာရဲ့ ပြဿနာတွေကို ကူညီ ဖြေရှင်းခဲ့ပြီး ဖြစ်ပါတယ် ။

Zoom ဖြင့်သင်ကြားမှာ ဖြစ်ပြီး သင်တန်းကာလ (၄) ရက် ကြာမြင့်မှာ ဖြစ်ပါတယ် ။ 🤝🌱

စိတ်ဝင်စားတယ်ဆိုရင် Page Messenger မှာ " PBR " လို့ ပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

ဉာဏ်လင်းအောင် Unlock Your Future

သင်တန်းသားများအတွက် Resources များ

သင်တန်းတွင် သုံးခဲ့သည့် စာချုပ်ပုံစံများ၊ စစ်ဆေးရန်စာရင်းများနှင့် တွက်ချက်ပုံစံများကို Student Portal တွင် ပြန်လည် ရယူနိုင်ပါသည်။ သင်တန်းတက်ရောက်ပြီးသူများသည် အကောင့်ဖွင့်စဉ် ဆရာပေးထားသော Code ကို ထည့်သွင်းပါ။

Keep reading

ဆက်စပ် ဆောင်းပါးများ

View all articles