thePBR Log In
Home Resources — Articles — Videos — Classes About the Class Log In
Home/Articles/Decisions
Decisions

စပ်တူလောကမှာအဖြစ်အများဆုံးပြဿနာတစ်ခု

စပ်တူလောကမှာအဖြစ်အများဆုံးပြဿနာတစ်ခု

သူငယ်ချင်းအချင်းချင်း စပ်တူလုပ်ကြပြီး ၃ လအကြာမှာ ငွေပြန်အမ်းခိုင်းလာတဲ့အခါ...

စပ်တူလုပ်ငန်းလောကမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်ပြီး ဖြေရှင်းရခက်တဲ့ “လူမှုရေးနဲ့ စီးပွားရေး” ရောထွေးနေတဲ့ ပြဿနာတစ်ခုပါ။

ကျနော့် သင်တန်းသူတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့စုပြီး ဆိုင်လေးတစ်ဆိုင် ဖွင့်ခဲ့တယ်။ ဆိုင်ကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးပြီး ရုန်းကန်ပေးနေတာပါ။

ဒါပေမဲ့ ၃ လလောက်ပဲရှိသေးတယ်... ကျန်တဲ့သူငယ်ချင်းတွေက စိတ်မပါတော့ဘဲ သူတို့ထည့်ထားတဲ့ငွေတွေကို ချက်ချင်းပြန်အမ်းဖို့ တောင်းဆိုလာကြပါတယ်။

ဆိုင်ကို ဘယ်သူမှလည်း ဆက်မဦးစီးချင်ကြဘူး၊ သူကလည်း ငွေအလုံးအရင်းနဲ့ ပြန်အမ်းဖို့ကျတော့ ခက်ခဲနေတဲ့အဆုံး "ဆိုင်ကို ရောင်းပစ်လိုက်ရင် ကောင်းမလား" ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ ဘာစာချုပ်စာတမ်းမှ ကြိုတင်မလုပ်ထားမိတာပါပဲ။

ဒီလိုအခြေအနေမျိုးမှာ ဘာဆက်လုပ်သင့်သလဲ ဆရာဆိုပြီး မေးလာတော့ ကျနော် အကြံပြုပေးလိုက်တာက

၁။ ကိုယ့်ကိုယ်ကိုယ် အရင်ပြန်မေးပါ ဒီလုပ်ငန်းအပေါ်မှာ ကိုယ်က Passion (ဝါသနာ) ရှိသေးလား? ရှေ့ဆက်ရင်ရော အလားအလာရှိလား? တကယ်လို့ အလားအလာရှိတယ်၊ ကိုယ်လည်း ဆက်လုပ်ချင်တယ်ဆိုရင်တော့ သူတို့ကို အမ်းထုတ်လိုက်ပြီး လုပ်ငန်းကို တစ်ယောက်တည်းပိုင်အဖြစ် ပြောင်းလဲလိုက်တာ အကောင်းဆုံးပါ။

၂။ ဆက်မလုပ်ချင်တော့ရင် "တိုင်ပင်ပြီးမှ ရောင်းပါ" ကိုယ်လည်း လုံးဝမလုပ်ချင်တော့ဘူးဆိုရင်တော့ ရောင်းလိုက်တာ အကောင်းဆုံးပါ။ ဒါပေမဲ့ သတိထားရမှာက ကိုယ်တစ်ယောက်တည်း သဘောနဲ့မရောင်းပါနဲ့။ Shareရှင်တွေနဲ့ သေချာတိုင်ပင်ပါ၊ သဘောတူညီမှုရယူပါ။ ဒါမှသာ နောင်တစ်ချိန်မှာ "ဈေးနည်းနည်းနဲ့ ရောင်းလိုက်တယ်" " ကိုယ့်သဘောနဲ့လုပ်လိုက်တယ် "စတဲ့ စွပ်စွဲချက်တွေကနေ ကင်းဝေးမှာပါ။

၃။ ရသင့်ရထိုက်တာကို "တန်ဖိုး (Valuation)" နဲ့ တွက်ပါ ငွေပြန်အမ်းမယ်ဆိုရင် သူတို့ထည့်ထားတဲ့ ငွေသားအတိုင်း ပြန်ပေးဖို့ထက် လုပ်ငန်းရဲ့ "လက်ရှိတန်ဖိုး" ကို အရင်တွက်ရပါမယ်။ လုပ်ငန်းက ၃ လအတွင်း တိုးတက်လာသလား ? ဆုတ်ယုတ်သွားသလား? သူတို့ပိုင်တဲ့ အစုရှယ်ယာ တန်ဖိုးအတက်အကျအတိုင်း ပြန်အမ်းတာကမှ တကယ့် စနစ်ကျတဲ့ လုပ်နည်းလုပ်ဟန်ပါ။

၄။ ကိုယ့်ရဲ့ "လုပ်အား" ကို မေ့မထားပါနဲ့ ကိုယ်က ၃ လလုံးလုံး ဆိုင်မှာ အချိန်ပေး၊ လူပင်ပန်းခံပြီး ဦးစီးပေးခဲ့တာပါ။ ဒါကြောင့် အရှုံးအမြတ် ခွဲဝေတဲ့အခါ ကိုယ်စိုက်ထုတ်ခဲ့တဲ့ ပစ္စည်းတွေတင်မကဘဲ ကိုယ့်ရဲ့ "လုပ်အားခ" ကိုပါ တန်ဖိုးတစ်ခုအဖြစ် ထည့်တွက်မှသာ မျှတတဲ့ အပေးအယူ ဖြစ်မှာပါ။

တကယ်လို့ ညှိနှိုင်းရတာ ခါးခါးသီးသီးဖြစ်လာရင်တောင် ကိုယ်တကယ်စိုက်ခဲ့တဲ့ ငွေသားရင်းနှီးမြှုပ်နှံမှုကိုတော့ မနစ်နာအောင် အရင်တောင်းဆိုကြည့်ပါ။

စပ်တူလုပ်ငန်းမှာ "စာချုပ်မရှိတာ" ဟာ အခုလိုအချိန်မျိုးမှာ ကိုယ့်အတွက် အားနည်းချက် ဖြစ်သွားစေပါတယ်။ ဒါပေမဲ့ အခုကစပြီး တန်ဖိုးတွေကို စနစ်တကျတွက်ချက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမယ်ဆိုရင်တော့ အကောင်းဆုံး ထွက်ပေါက်တစ်ခုကို ရှာတွေ့နိုင်မှာပါ။

အခုလို ပါတနာတွေ လမ်းခွဲချင်လာတဲ့အခါ ဘယ်လို ပုံစံ မျိုးနဲ့ မျှမျှတတ ဖြေရှင်းမလဲ ?

ကိုယ်တိုင် လည်း ဒီလို အငြင်းပွားမှုတွေကိုကြုံလာခဲ့ရင် ရော ဘယ်လိုလုပ်မလဲ စနစ်တကျ ဖြေရှင်းနိုင်ဖို့အတွက် အဖြေက စပ်တူလုပ်ငန်း စည်းမျဥ်းတွေလေ့လာထားဖို့ပါပဲ ။

ကိုယ်တိုင်လေ့လာနိုင်သူများလည်း လုပ်ငန်းတွေမဆုံးရှုံးခင် ငွေကြေးတွေ မနစ်နာခင် မဖြစ်မနေ လေ့လာထားဖို့ တိုက်တွန်းပါတယ် ။

တကယ်လို့ ကျနော်နဲ့အတူ စနစ်တကျ လေ့လာချင်တယ် ဆိုရင်တော့ စပ်တူလုပ်ငန်းနဲ့ ပတ်သက်ပြီး လာမယ့် စက်တင်ဘာလမှာ (၂၇) မှာ Partnership Business Rules (PBR) Batch - 4 ဖွင့်သွားဖို့ရှိပါတယ်။

Batch (1) ,(2) , (3) မှာ လုပ်ငန်းရှင်သင်တန်းသား ပေါင်း (၂၆၀) နီးပါး တက်ရောက်ခဲ့ပြီး အခုဆိုရင် သင်တန်းသား အားလုံး က သူတို့ရဲ့ စပ်တူလုပ်ငန်းကို စနစ်တကျ ကိုင်တွယ်တတ်နေပါပြီ ။

ကိုယ်က စပ်တူလုပ်ငန်း စလုပ်ဖို့ အစီအစဉ် ရှိရင် ဒါမှမဟုတ် လက်ရှိလုပ်နေပြီသား စပ်တူလုပ်ငန်းကိုပြဿနာအနည်းဆုံးနဲ့ စနစ်တကျသွားချင်တယ်ဆိုရင် ဒီသင်တန်းကို join နိုင်ပါတယ်။

သင်တန်းအသေးစိတ်ကို သိရှိလိုပါက CB မှာ "PBR 4" လို့ ပို့ပေးထားပါ ခင်ဗျာ။ ဉာဏ်လင်းအောင် Unlock Your Future

သင်တန်းသားများအတွက် Resources များ

သင်တန်းတွင် သုံးခဲ့သည့် စာချုပ်ပုံစံများ၊ စစ်ဆေးရန်စာရင်းများနှင့် တွက်ချက်ပုံစံများကို Student Portal တွင် ပြန်လည် ရယူနိုင်ပါသည်။ သင်တန်းတက်ရောက်ပြီးသူများသည် အကောင့်ဖွင့်စဉ် ဆရာပေးထားသော Code ကို ထည့်သွင်းပါ။

Keep reading

ဆက်စပ် ဆောင်းပါးများ

View all articles