thePBR Log In
Home Resources — Articles — Videos — Classes About the Class Log In
Home/Articles/Decisions
Decisions

ဒီတစ်ချက်ကိုမသိဘဲစပ်တူလုပ်ငန်းမစပါနဲ့။

ဒီတစ်ချက်ကိုမသိဘဲစပ်တူလုပ်ငန်းမစပါနဲ့။

ဒီတစ်ချက်ကို မသိဘဲ စပ်တူလုပ်ငန်း မစပါနဲ့။‼️

လုပ်ငန်းတစ်ခုကို Partner နှစ်ယောက်စပ်တူ စလုပ်တဲ့အချိန်မှာ

အများစုက “အချင်းချင်းယုံကြည်တာပဲ၊ ဘာမှသတ်မှတ်ထားစရာမလိုပါဘူး” ဆိုပြီး အလွယ်လေးစလိုက်ကြတယ်။

အစပိုင်းမှာတော့ အဆင်ပြေပါတယ်။

Customerကလည်းများများစားစား မရှိသေးတော့ဝန်ထမ်းအများကြီး မလို‌သေးဘူး။

ဒီတော့ကုန်ကျစရိတ်နည်းသေးတယ်။

ဒါပေမယ့်…

လုပ်ငန်းကကြီးလာပြီ။

Service ပေးရမယ့် Customer တွေများလာပြီ။

လုပ်ငန်းကိုလည်း ထပ်တိုးချဲ့ဖို့ လိုလာပြီဆိုရင်

ဆုံးဖြတ်ချက်တွေတောက်လျှောက်ချရတော့မယ် ။

ဝန်ထမ်းခန့်အပ်ဖို့ ထုတ်ကုန် အသစ်ထုတ်ဖို့ Stock မှာယူစုဆောင်းဖို့ Marketing budget တွေ သုံးစွဲဖို့ စသဖြင့် စဉ်းစားရတော့မယ်။

ဒီအချိန်မှာ ကိုယ်နဲ့ ပါတနာကြား သဘောထားတွေကွဲလွဲ နေရင်

လုပ်ငန်းက‌ ရှေ့ဆက်ဖို့နှောင့်နှေးလိမ့်မယ်။

ဥပမာ—

ဝန်ထမ်းတစ်ယောက် ခန့်ဖို့လိုတယ်ဆိုပါစို့။

Partner A က “ခန့်မယ်” Partner B က “မခန့်သေးဘူး”

ဒီလိုဖြစ်လာရင် ဝန်ထမ်းတစ်ယောက်ခန့်ဖို့တောင်Partner နှစ်ယောက် ထိုင်အငြင်းပွားရမယ်။

ဒီတော့ဆုံးဖြတ်ချက်‌ နှောင့်နှေးပြီးအချိန်ကုန်တယ်။

ပိုဆိုးတာက—

တစ်ယောက်ယောက်ရဲ့အမြင်ကို ဆန့်ကျင်ပြီးတော့ ဆုံးဖြတ်လိုက်ရတော့

နှစ်ယောက်ကြား ဆက်ဆံရေးတွေကြဲပြီး မခေါ်နိုင်၊ မပြောနိုင်တဲ့အခြေနေတဲ့ အဆုံးသတ်ရသွားတတ်တယ်။

ဒါကြောင့် စပ်တူလုပ်ငန်းလုပ်တော့မယ်ဆိုဘယ်လောက်ပဲရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပါစေ..

လုပ်ငန်းမစခင်ကတည်းက—

Sales နဲ့ပတ်သက်ရင် ဘယ်သူဆုံးဖြတ်မလဲ...❓ Marketing နဲ့ပတ်သက်ရင် ဘယ်သူဆုံးဖြတ်မလဲ...❓ Finance နဲ့ပတ်သက်ရင် ဘယ်သူဆုံးဖြတ်မလဲ..❓ Hiring နဲ့ပတ်သက်ရင် ဘယ်သူဆုံးဖြတ်မလဲ..❓

ပြီးတော့…

ဘယ်ကိစ္စတွေမှာ နှစ်ယောက်လုံး သဘောတူမှ ဆုံးဖြတ်မလဲ။

ဒါတွေကို ကြိုတင်သတ်မှတ်ထားပါ။

ဒီနေ့ ပွင့်ပွင့်လင်းလင်း သတ်မှတ်ထားခြင်းက

နောက်တချိန် Partner နှစ်ယောက်ကြား ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ကာကွယ်ပေးနိုင်ပါတယ်။

စပ်တူ လုပ်ငန်းဟာ လုပ်တတ်ရင် တစ်ယောက်ထဲလုပ်တာထက် အရှိန်အများကြီးပိုမြန်တယ် ၊ ပိုကြီးထွားနိုင်ပေမယ့် မလုပ်တတ်ရင်တော့ ကိုယ့်ကို အများကြီးပင်ပန်းခက်ခဲစေပါလိမ့်မယ် ။

ကိုယ်ငွေနဲ့ကိုယ် ဒုက္ခမရောက်ချင် ရင် စပ်တူလုပ်ငန်း မလုပ်ခင် Rule တွေကို သေချာပေါက်လေ့လာပါ၊ စနစ်တကျ ပြင်ဆင်ပြီးမှ စတင်ပါ။

ဉာဏ်လင်းအောင် Unlock Your Future

သင်တန်းသားများအတွက် Resources များ

သင်တန်းတွင် သုံးခဲ့သည့် စာချုပ်ပုံစံများ၊ စစ်ဆေးရန်စာရင်းများနှင့် တွက်ချက်ပုံစံများကို Student Portal တွင် ပြန်လည် ရယူနိုင်ပါသည်။ သင်တန်းတက်ရောက်ပြီးသူများသည် အကောင့်ဖွင့်စဉ် ဆရာပေးထားသော Code ကို ထည့်သွင်းပါ။

Keep reading

ဆက်စပ် ဆောင်းပါးများ

View all articles